Map
MANDALAY WEATHER

TOWNSHIPS


မန္တလေးတိုင်း ဒေသကြီးကို ရှေးယခင်က တမ္ပဒီပတိုင်းဟုပင် ခေါ်ဝေါ်သမုတ်ခဲ့ကြပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြတ်သူများ ပေါက်ဖွားရာ ဒေသဟု ပညာရှင်များက သတ်မှတ်ခဲ့ကြသည်။ တကောင်းခေတ်မှ ရတနာပုံခေတ်အထိ ခေတ်အဆက်ဆက် မင်းအဆက်ဆက် မင်းနေပြည်တော်များထူထောင်ပြီး အုပ်ချုပ်ခဲ့သော သမိုင်းရာဇဝင် တည်တံ့ခံ့ညားသော တိုင်းဒေသကြီးဖြစ်သည်။ ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သော ပုဂံမင်းမြတ် အနော်ရထာမင်း လက်ထက်မှ စတင်၍ ယခုတိုင် တိုင်းအတွင်းရှိလယ်တွင်း(၉)ခရိုင်၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသည် အထူးပင်ထွန်းကားလှပေသည်။
တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မန္တလေးမြို့ (ခေါ်) ရတနာပုံမင်းနေပြည်တော်ကြီးသည် မင်းတုန်းမင်းကြီးလက်ထက် ၁၈၅၉ ခုနှစ်တွင်တည်ထောင်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၂၁ ဖြစ်၍ ခုနှစ်သက္ကရာဇ်ကို အလွယ်တကူ မှတ်သားနိုင်ရန် အုတ်ကျစ်ကျော်အေး (ဝါ) အောင်ကျော်ချမ်းအေး မန္တလေးဟူ၍လည်းကောင်း၊ အင်ကြင်းကြာအုံ ရတနာပုံဟူ၍ လည်းကောင်း မှတ်တမ်းတင်ခဲ့သည်။
မန္တလေးမြို့သည် အထက်မြန်မာပြည်တွင် စီးပွားရေး၊ ပညာရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာလုပ်ငန်းများ ပေါင်းစုံရာ အချက်အချာကျသော မြို့ကြီး ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော်ကြီး ဖြစ်ပြီး လူဦးရေ (၁.၇ သန်း) ခန့် ရှိသည်။ ဘာသာရေးအရ အလွန်တန်ဖိုးရှိသော အရာများ တည်ရှိရာမြို့ဖြစ်ပေရာ မြန်မာပြည်၏ ဗုဒ္ဓဘာသာဗဟိုချက်ဟုပင်ဆိုနိုင်ပေသည်။ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ကုန်သွယ်ရေးလမ်းကြောင်း ပေါင်းဆုံရာ မြို့ကြီးဖြစ်သည့်အပြင် အထက်မြန်မာပြည်ရှိတိုင်းရင်းသားလူမျိုးများ၏ စီးပွားရေး အချက်အချာကျသည့် မြို့ကြီးလည်းဖြစ်သည်။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များနှင့် ကြည်နူးဆွတ်ပျံ့ဖွယ် အလှတရားတို့ဖြင့် ပေါင်းစည်း ပြည့်စုံနေသော မန္တလေးမြို့ကြီးကို တစ်ခါတစ်ခေါက် ရောက်ဖူးရုံဖြင့် မေ့မရနိုင်အောင် ဖြစ်ကြရသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပိုးထည်လုပ်ငန်း၊ ကျောက်စိမ်းလုပ်ငန်း ၊ ပန်းဆယ်မျိုးလုပ်ငန်း ၊ ရွှေဆိုင်း ၊ ရွှေပြားခတ်လုပ်ငန်း၊ ချည်ထည်လုပ်ငန်း၊ ထိုးမုန့် ၊ လမုန့် လုပ်ငန်းတို့မှာ တွင်ကျယ်သော လုပ်ငန်းများဖြစ်သည်။








HELPING YOU TO SET YOUR "TARGET MARKETS"

BCG, it has the total near around 470,000 businesses data from over 250 townships out of 330 townships in Myanmar, these all information details may helping you to link to the related categories businesses as per your respective target markets and setting the target and getting better to build your successful business.


Target Any Industry Over 470,000 Businesses Available in Myanmar

Data Available For

  •   Direct Mail
  •   Calling
  •   Emailing
  •   Research
  •   Invitation
  •   Marketing
  •   Promotion
  •   Product Launch

Business Information includes

  •   Business Name
  •   Type of Business
  •   Detail Address
  •   Contact Name
  •   Job Title
  •   Email Address [ if available ]
  •   Employee Count
  •   Phone Number
  •   Fax [ if available ]
  •   Website Address [ if available ]
  •   Years in Business


Start Your Campaign Today





OUR GUIDES