Welcome to Amarapura


HISTORY & BOUNDARIES

အမရပူရမြို့နယ် သည် မန္တလေးမြို့၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး ရပ်ကွက်ပေါင်း (၉) ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၂) အုပ်စုတို့ဖြင့်  ပေါင်းစပ် ဖွဲ့စည်းထားသည်။ အမရပူရမြို့၏ အရှေ့ဘက်တွင် ပုသိမ်ကြီးမြို့နယ် နှင့် ပြည်ကြီးတံခွန်မြို့နယ်၊ အနောက်ဘက်တွင် တံတားဦးမြို့နယ်ကို ဒုဋ္ဌဝတီမြစ်ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရှိ စစ်ကိုင်းမြို့နယ်ကို ဧရာဝတီမြစ်ဖြင့်လည်းကောင်း၊ တောင်ဘက်တွင် စဥ့်ကိုင်မြို့နယ် ကို ဧရာဝတီမြစ်ဖြင့် နယ်နိမိတ် ပိုင်းခြား၍ ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ချမ်းမြသာစည်မြို့နယ်  တို့နှင့် နယ်နိမိတ် ထိစပ်လျက် ရှိပါသည်။ အမရပူရမြို့နယ်သည် ပင်လယ် ရေမျက်နှာပြင် အထက် ပျမ်းမျှ အမြင့် (၂၅၀)ပေ အထက်တွင် တည်ရှိပါသည်။

အကျယ်အဝန်း အားဖြင့် (၂၀၇.၅) ဧရိယာစတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်း ကီလိုမီတာလျှင် (၁၁၄၅.၃) ဦးခန့်နေထိုင်ကြပါသည်။ ၂၀၁၄ ခုနှစ်တွင် နောက်ဆုံးကောက်ယူခဲ့သော သန်းခေါင် စာရင်း အရ အိမ်ထောင်စုပေါင်း (၄၉၆၂၆) စု နေထိုင်လျှက်ရှိပြီး လူဦးရေ စုစုပေါင်း (၂၃၇၆၁၈) ဦးမျှ အမရပူရ မြို့နယ်တွင် နေထိုင်ကြပါသည်။ မန္တလေးလမ်းညွှန် မှ ကောက်ယူထားသည့် စာရင်းများအရ အမရပူရ မြို့နယ်တွင် ဆိုင်၊ စီးပွားရေး လုပ်ငန်းပေါင်း (၂၈၀၀) ကျော် တည်ရှိနေပြီး ယင်းလုပ်ငန်းများတွင် လူဦးရေ စုစုပေါင်း  (၁၂၃၀၀) ကျော်ခန့် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။ အခြေခံပညာ မူလတန်းကျောင်း (၆၃)ကျောင်း၊ အလယ်တန်းကျောင်း (၂၈)ကျောင်း နှင့် အထက်တန်းကျောင်း (၁၁) ကျောင်းရှိပြီး မြို့နယ်၏ စာပို့သင်္ကေတ အမှတ် မှာ (၀၅၀၆၁) ဖြစ်ပါသည်။

၂၀၁၁ ခုနှစ်တွင် ကြီးထွားလာသော မန္တလေးမြို့နယ် နိမိတ်သည် အမရပူရမြို့ကို လွမ်းခြုံသွားရာ အမရပူရမြို့သည်လည်း သီးခြားမြို့တစ်မြို့အဖြစ်မှ မန္တလေး မြို့တွင်းမြို့နယ် တစ်ခုအဖြစ် ဖြစ်တည် လာခဲ့ပါသည်။ မန္တလေးမှ အနောက်ဖက် စစ်ကိုင်းတိုင်းသို့  သွားရာ လမ်းအဖြစ်သာမက ရန်ကုန်-မန္တလေး အမှတ် (၂) လမ်းမကြီးနှင့် ချိတ်ဆက် တည်ရှိသည့်အတွက် သွားလာရေး လွယ်ကူအဆင်ပြေသည့် မြို့နယ်တစ်ခု ဖြစ်လာပါသည်။ ထို့ပြင် မြစ်ကြီးနား-မန္တလေး မီးရထားလမ်း ဖြတ်သန်းရာ ဒေသလည်းဖြစ်ပါသည်။ အမရပူရမြို့၏ အဓိကလုပ်ငန်းမှာ ပိုးထည်ရက်လုပ်ခြင်းလုပ်ငန်းဖြစ်၍ မြန်မာပြည်တွင် ရက်ကန်းမြို့အဖြစ် တင်စားလောက်သောမြို့ဖြစ်ပေသည်။ တစ်မြို့လုံးနီးပါး ရက်ကန်းအတတ်ကို တတ်မြောက်ကြသည်။ ယင်း ပိုးထည် လုပ်ငန်းကြီးကို  အကြောင်းပြု ၍  ခရစ် ၁၉၁၂ ခုနှစ်လောက် ကတည်းက ဆောင်းဒါး ရက်ကန်းကျောင်းကို မန္တလေး-စစ်ကိုင်းလမ်း ပေါ်တွင် ဖွင့်လှစ်ထားခဲ့သည်။ ပိုးထည်လုပ်ငန်း၊ ချည်ထည်လုပ်ငန်းများကို အဓိက စီးပွားရေး အဖြစ်လုပ်ကိုင်ခဲ့ကြသည်။ တောင်သမန်အင်း၊ တက်သေးအင်းများ တည်ရှိ၍ ယခင်က အင်းလုပ်ငန်းများဖြင့်လည်း စီးပွားရှာခဲ့ကြကြောင်း သိရသည်။  ဆေးရွက်ကြီး ဆေးပေါင်းရုံများလည်း  တည်ရှိရာဒေသ ဖြစ်ခဲ့သည်။



ရတနာပုံတက္ကသိုလ်သည် အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအနီးတွင် တည်ရှိသည်။ အ.ထ.က ကျောင်းများမှာ မြို့ထဲတွင် တည်ရှိပြီး မန္တလာဒီဂရီကောလိပ်လည်း တည်ရှိရာ မြို့ဖြစ်သည်။

မဟာဝေယံဘုံသာ ဗားကရာကျောင်းတော်ကြီးသည် စစ်ကိုင်း-မန္တလေးလမ်း၊ ဝက်ကုန်းရပ်၊ မှန်တန်းရပ်ကွက်တွင် တည်ရှိပါသည်။ မဟာဂန္ဓာရုံကျောင်းသည် အမရပူရရှိ စာပေပရိယတ္တိတွင် အထူးထင်ရှားသော ကျောင်းတိုက်ကြီး တစ်ခု ဖြစ်သည်။ ၁၉၁၄ ခုနှစ်ခန့်က အမရပူရ၊ စစ်ကိုင်းစု အရပ်မှ ဦးဘိုးသာက မူလတောရကျောင်း နေရာအား စတင်ရည်စူးခဲ့၍ ၁၉၁၈ ခုနှစ်ခန့်တွင် သားဖြစ်သူ ဦးစံဒွန်းက တည်ဆောက်ခဲ့သည်။ စစ်ကိုင်း မဟာဂန္ဓာရုံ ကျောင်းတိုက် ဆရာတော်က ကျောင်းတိုက်အမည် ပေးခဲ့သည်။ ပထမဆုံး ဆရာတော်မှာ သက်တော် ငယ်စဉ်ကပင် ပျံလွန်တော်မူသော အတိသုခ ဆရာတော်၊ အတီးစုရပ် ဦးသီလဝန္တ ဆရာတော်နှစ်ပါး၊ ထို့နောက် ဒုတိယ ကမ္ဘာစစ် အပြီးတွင် မဟာဂန္ဓာရုံဆရာတော် ဟုထင်ရှားသည့် အရှင်ဇနကာဘိဝံသမှ စာပေပရိယတ်ကျောင်းကြီးကို စတင် ထူထောင်ခဲ့သည်။ မဟာဂန္ဓာရုံကျောင်းတိုက်မှာ တောင်သမန်အင်း၏ အနောက်မြောက်ဘက်တွင် တည်ရှိသည်။ အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်အင်းကို ဖြတ်ကျော်ကာ အမရပူရမြို့ဟောင်း နှင့် ရတနာပုံတက္ကသိုလ်ကို ဆက်သွယ် တည်ဆောက်ထားသည့် ဦးပိန်တံတားသည်  မြန်မာနှင့် ကမ္ဘာကျော် ရှုခင်းကောင်းတစ်ခု၊  အပန်းဖြေ လေ့လာရန် နေရာတစ်ခု အဖြစ် ကျော်ကြားပေသည်။ ဦးပိန်တံတားသည် (၁.၂) ကီလိုမီတာ (သို့မဟုတ်) တစ်မိုင်၏ ၄ပုံ ၃ ပုံ ရှည်လျား၍ ကမ္ဘာပေါ်တွင် အရှည်လျားဆုံးသော ကျွန်းသား တံတားဖြစ်သည်။



မြို့၏ အနီးတွင် တောင်သမန်အင်း တည်ရှိပြီး ပုဂံမင်း လက်ထက်က မြို့စာရေးမောင်ပိန်သည်  ထိုအင်းကိုဖြတ်၍  သစ်သား တံတားကြီးတစ်ခု ဆောက်လုပ်လှုဒါန်းခဲ့ရာ ယခုတိုင် တည်ရှိ နေခဲ့သည်။ ထိုတံတားကို ဦးပိန်တံတား ဟုခေါ်တွင်သည်။ အမရပူရမြို့ အနောက်တောင်ထောင့်တွင် စစ်ကိုင်းမင်း အမည်ခံ မှန်နန်းရှင် ဘကြီးတော် မင်းတည်ထား  ကိုးကွယ်ခဲ့သော စည်းခုံတော်ပုထိုးတော်ကြီး  စေတီရှိရာ ဘွဲ့တော်မှာ မဟာဝိဇယရံသီ ဖြစ်၍ အလွန်ပင် ထင်ရှားသည်။ 

ထင်ရှားသောနေရာများမှာ

  • ဆောင်းဒါး ရက်ကန်းကျောင်း
  • ဦးပိန်တံတား
  • တောင်သမန်အင်း
  • တက်သေးအင်း
  • မဟာဂန္ဓာရုံကျောင်း
  • ဗားကရာဘုန်းကြီးကျောင်း
  • ရတနာ့ဂူ
  • ပုထိုးတော်ကြီး(အမရပူရ)
  • ကျောက်တော်ကြီးဘုရား(အမရပူရ)
  • သပြေတန်း ခံတပ်
  • ရွှေကြက်ယက်စေတီ
  • ရွှေကြက်ကျစေတီ
  • မိုးကုတ်ဆရာတော်ဘုရားကြီး ဦးဝိမလ၏မင်္ဂလာ ဓာတု ဓမ္မစေတီတော်
  • သံသေကပ်ကျော်ဘုရား
  • တောင်သမန်အင်းစောင်းက တောင်လေးလုံးကျောင်းတိုက်
  • ဝေရောစနကျောက်စိမ်းစေတီတော်


Amarapura Demographic & Economic Activities


Total Population 237,618*
Males 114,481
Females 123,137
Sex Ratio 93 males per 100 females
Percentage Of Urban Population 34.0%
Area (km2) 207.5**
Population Density (persons per km2) 1145.3 persons
Number Of wards 9
Number Of Village Tracts 42
Total Urban Rural
Population In Conventional HouseHolds 224,121 75,106
Number Of Convetional Households 49,626 16,630
Mean Household Size 4.5 persons***
  • • In Amarapura Township, there are more females than males with 93 males per 100 females.
    •The majority of the people in the Township live in rural areas with only (34.0%) living in urban areas.
    •The population density of Amarapura Township is 1,145 persons per square kilometre.
    •There are 4.5 persons living in each household in Amarapura Township. This is slightly higher than the Union average
  • * Includes both household population and institution population.
    ** Settlement and Land Record Department, Ministry of
          Agriculture, Livestock and Irrigation, (2014-2015)
    *** Calculated based on conventional household population.

Business Sectors Total Business Total Employees
Productions 156 1009
Retails 1271 4611
Wholesales 172 781
Services 1277 5934
Trading 3 53
Township Total 2879 12388







Start Your Campaign Today


All about Amarapura


Hluttaw Representatives
Pyithu Hluttaw
: U Aung Zaw Myint
: 09792001140

Amyotha Hluttaw
: U Tun Tun Oo
: 024075808

Region Hluttaw (Twsp-1)
: Dr Zaw Myint Maung (Prime Minister)
: 09402652532

Region Hluttaw (Twsp-2)
: U Myint Swe
: 09798870773


Useful Information




Mandalaydirectory
PTA
Category : Interior Decoration Materials & Services
Address : 7, Sagaing-Mandalay St., Face Of Saung Dar Yat Kan Kyaung,
Phones : 09-256023908, 09-91034906


Mandalaydirectory
MCPF
Category : Packing/Filling & Wrapping Materials & Equipment
Address : Aye Zayat, Former Inside of Don Pyan Flour Mill Compound,
Phones : 02-4070034, 09-2000311


Mandalaydirectory
PTA
Category : Electrical Goods Sales
Address : 7, Sagaing-Mandalay St., Face Of Saung Dar Yat Kan Kyaung,
Phones : 09-256023908, 09-91034906